ဘုရားသုံးဆူ၊ စက်တင်ဘာ ၁၈
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် ကိုဗစ် - ၁၉ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ ဘုရားသုံးဆူမြို့တွင်းသို့ အသံချဲ့စက်များဖြင့် ကိုဗစ် ၁၉ နှင့် ပတ်သက်သောအကြောင်းအရာများ၊ ဆောင်ရန်၊ ရှောင်ရန်များလိုက်လံနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့ နေ့လယ် ၁၁ နာရီ အချိန်တွင် ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ ဆောင်ရွက်မှုများကို ကြာအင်းဆိပ်ကြီးမြိုနယ်၊ ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်ဟီးနင်ဇီရမ်နှင့် ဝန်ထမ်းများ၊ မြို့အုပ်ချုပ်ရေးမှူး ဦးဇော်မိုးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ ပူးပေါင်း၍ အသံချဲ့စက်များဖြင့် နှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စောရဲဝင်းထွဋ် (ပြန်/ဆက်)