ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့် အသိပညာပေး ဟောပြောပွဲကျင်းပ

ရွှေတောင်  နိုဝင်ဘာ ၄

ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများက၊ အမက ကူကြီးကျောင်းတွင် ယနေ့ နံနက်ပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအဖြစ် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ကျောင်းသား/ ကျောင်းသူများအား စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊  လူကုန်ကူးမှုတားဆီးရေးကာကွယ်‌ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးတို့အတွက် အသိပညာပေးအကြောင်း အရာများကို သာဓကအနေဖြင့်  ဖြစ်ရပ်မှန်ဇာတ်လမ်းများကို အကျယ်တဝင့်  ဟောပြောခဲ့သည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူလေးများနှင့်ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ Ice Break ပြုလုပ်ပေးခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်နွေးဒါလီနိုင်က " ဝက်ဝံသုံးကောင် "   ဘုတ်ပြားပြဇာတ်ဖြင့် လည်းကောင်း၊  ရုပ်သံ ( ၃)ဒေါ်အေးအေးခိုင်မှ" မျောက်နှင့် ဗျိုင်း " နာဂပုံပြင်စာအုပ်ဖြင့်  ပုံပြင်များပြောပြခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလေးများကို လူကုန်ကူးမှုတိုက်ဖျက်‌ရေး‌နေ့ အထိမ်းအမှတ် နံရံကပ်စာ​စောင်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာ‌စောင်၊ သွေးလွန်တုပ်ကွေးအကြောင်း သိကောင်းစရာ နံရံကပ်စာ‌စောင်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်‌ရောင်းဝယ်မှုတိုက်ဖျက်ရေး အထိမ်းအမှတ် နံရံကပ်စာစောင်အား ပြသရာ ကျောင်းသား၊ ကျောင်းသူ (၁၀၇)ဦးမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြပြီး နယ်လှည့်စာကြည့်တိုက်အ‌နေဖြင့် ယူဆောင်လာသော  စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း( ပြန်/ ဆက်)