ကမမောင်း နိုဝင်ဘာ ၄
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ တစ်နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က ကျေးလက်ကျန်းမာရေးဦးစီးဌာနတွင် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးရာတွင်ကျန်းမာရေးဌာနမှ ၀န်ထမ်းများက အသက် တစ်နှစ်ခွဲအောက် ကလေးငယ်များကို ဘီစီဂျီ၊ ပြင်းထန် ၀မ်းပျက်၀မ်းလျှော၊ (ရိုတာ) ပိုလီယို ပြင်းထန် အဆုတ်ရောင် (ပီစီဗီ) ၀က်သက်ဂျိုက်သိုး ကာကွယ်ဆေးများကို အသက်အရွယ်၊ အပိုင်းအခြားအလိုက် ထိုးနှံပေးရာတွင် ပုံမှန်ကာကွယ်ဆေး လာရောက်ထိုးနှံသော အသက် တစ်နှစ်ခွဲအောက်ကလေးငယ်(၁၅၅)ဦးလာရောက် ထိုးနှံခဲ့ကြောင်းသိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးများ လာရောက်ထိုးနှံသည့် မိခင်နှင့်ကလေးများအား ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်- ၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ အ၀င်တွင်လက်ကို စနစ်တကျဆေးစေခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်း၊ ပုံမှန် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
တင်တင်လှ