လက်ပံတန်း နိုဝင်ဘာ ၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးဌာနမှ မွေးမြူရေးကုန်ထုတ်လုပ်မှု တိုးတက်စေရေးအတွက် တိရစ္ဆာန်အစာ (အစာနု)များကို မြို့နယ်အတွင်းရှိ နို့စားနွားနှင့်အသားစားနွား မွေးမြူသူများအား ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်က မြို့နယ်အတွင်းမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အလေးထားဆောင်ရွက်ရန် အမှာစကားပြောကြားပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာမှ မြို့နယ်ဦးစီးမှူး ဒေါက်တာစိုးမိုးဝင်းက တိရစ္ဆာန်အစာများ ထောက်ပံပေးခြင်းနှင့် စပ်လျဉ်း၍ နို့နှင့်နို့ထွက်ပစ္စည်းများ တိုးတက်ထုတ်လုပ်နိူင်ရေး ဆွေးနွေးမှာကြားပြီးနောက် တက်ရောက်လာသော နွားမွေးမြူသူ(၇)ဦးအား အစာအိတ်(၁၆)အိတ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)