ကျောက်မြောင်း စက်တင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့၊ အမှတ်(၃)ရပ်ကွက်တွင် ပုံမှန်ဝင် ငွေမရှိသော အခြေခံလူတန်းစားများ အတွက် နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ (၁) နာရအချိန်က ရပ်ကွက်များအတွင်းရှိ မိသားစုနေအိမ်များ အရောက် သွားရောက် ထောက် ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
ကိုဗစ်−၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ အတွက် ထောက်ပံ့ငွေများ ပေးအပ်ရာ အမှတ်(၃)ရပ်ကွက်ရှိ အိမ်ထောင်စု (၈၈၂)စုအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် (၂၀၀၀ဝိ/) နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၁၇၆၄၀၀၀ဝိ/)ကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က မိဘပြည်သူများ၏ လက်ဝယ်သို့ အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။
ဇင်ပိုင်မှူး(ကျောက်မြောင်း)