ဘောလခဲ စက်တင်ဘာ ၁၈
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး Quarantine Center ထားရှိသော အဆောက်အဦဘေးပတ်ဝန်းကျင်အား စုပေါင်း သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ဘောလခဲမှ ဒေါတမကြီးသွားလမ်း မဘေးရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA ရုံးဝန်းအတွင်း၌ ယနေ့ နံနက်(၇)နာရီ အချိန်က စတင်ဆောင်ရွက်ခဲ့ သည်။
အဆိုပါ စုပေါင်းသန်ရှင်းရေးဆောင်ရွက်ရာတွင် ဘောလခဲမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးမျိုးသန့်၊ မြို့မရဲစခန်းမှူး ရဲမှူး ဝင်းမြင့်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသန်းထိုက်ဦးနှင့်ဝန်ထမ်းများ၊
မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများက အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန FDA ရုံးဝန်းအတွင်းရှိ Quarantine Center ထားရှိသော အမျိုးသားအိပ်ဆောင် ပတ်ဝန်းကျင်များအား စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ ကြကြောင်း သိရှိရသည်။
လှရွှေ