သဲကုန်း စက်တင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ပေးသည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ် အတွင်း အသက်(၈၅)နှစ်အထက် သက်ကြီး ဘိုးဘွားများအား လူမှုရေး ပင်စင် ထောက်ပံ့ငွေများကို ယမန်နေ့က ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ငွေများ ပေးအပ်ခြင်းကို သဲကုန်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် အဘိုး(၄၂၇)ဦးနှင့်အဘွား(၈၁၈)ဦးတို့ကို တစ်လလျှင်(၁၀,၀၀၀)ကျပ်နှုန်းဖြင့် ဇူလိုင်၊ဩဂုတ်၊ စက်တင်ဘာလ စတုတ္ထ သုံးလပတ်အတွက်တစ်ဦးလျှင်ထောက်ပံ့ငွေ(၃၀,၀၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ(၃၇,၃၅၀,၀၀၀)ကျပ်ကို ကျေးရွာအုပ်ချုပ် ရေးမှူးများနှင့် တာဝန်ရှိသူများက သက်ကြီးဘိုးဘွားများ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
နိုင်လင်း(သဲကုန်းပြန်/ဆက်)