နတ်မောက်မြို့၌ အခြေခံလူတန်းစားများစားဝတ်နေရေး အထောက်အကူဖြစ်စေရန် ဆန်များ သက်သာသော ဈေးနှုန်းဖြင့် ဆက်လက်ရောင်းချပေး

နတ်မောက် နိုဝင်ဘာ ၂

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် နတ်မောက်မြို့နယ်ရှိ အခြေခံလူတန်းစားများ စားဝတ်နေရေးအထောက်အကူဖြစ်စေရန် ဆန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်(၇)နာရီအချိန်က မြို့မစည်ပင်သာယာရေးဈေးအနီးရှိ မြို့နယ်ဥပဒေရုံးအရှေ့တွင် ဆက်လက်ရောင်းချပေးလျက်ရှိသည်။

ထိုသို့ ရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင် ဦး‌‌ဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဦးစီးအရာရှိ နှင့်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါ ‌ရောင်းချပေးရာတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ နတ်မောက်မြို့နယ်အတွက် ဆန်အိတ်အလုံး(၂၀၀)အား ဒေသခံပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးနိုင်ရေး သက်သာသောဈေးနှုန်းဖြင့် ဆန်တစ်ပြည်လျှင် (၁၅၀၀) ကျပ်ရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။

လှဝင်း