နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/၆(အထစ)နှင့်ပတ်သက်၍ မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်များ Talk Show ဆွေးနွေးပွဲကျင်းပ

ဘုတ်ပြင်း နိုဝင်ဘာ ၁

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံး (Community Centre) ခန်းမတွင် မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်များနှင့်ပတ်သက်၍ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ၆၆/၆(အထစ)နှင့်ပတ်သက်၍ အသိပညာပေးထုတ်ပြန်ချက်များအား ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် Online မှတစ်ဆင့် အသိပညာပေးဆောင်ရွက်ရသည့် ရည်ရွယ်ချက်များ ပြောကြားသည်။

ဆက်လက်၍ မြို့နယ်လူဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်ဌေးက နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/၆(အထစ)နှင့်ပတ်သက်၍ အသိပညာပေးထုတ်ပြန်ချက်များ၊ နိုင်ငံသားစိစစ်ရေးကတ်(၂)ခု (၃)ခုနှင့် အိမ်ထောင်စု(၂)ခု(၃)ခု ကိုင်ဆောင်ထားတဲ့ မိဘပြည်သူများအနေဖြင့် သက်ဆိုင်ရာရုံးများသို့ သတ်မှတ်ထားသည့်ရက်မတိုင်မီ အမြန်ဆုံးပြန်လည်အပ်နှံကြရန်နှင့် လက်ရှိမိမိတို့ဌာနအနေဖြင့် ပြည်သူများကိုဆောင်ရွက်ပေးနေသည့် အစီအစဉ်များ၊ ပြည်သူများအနေဖြင့် သက်ဆိုင်ရာ မြို့နယ်လူဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမျာတွင် လာရောက်ပူးပေါင်းဆောင်ရွက်ကြရန်၊ နောက်ကျင်းပမည့် ရွေးကောက်ပွဲတွင် တိကျမှန်ကန်သည့် လူဦးစာရင်းများရရှိမှာဖြစ်သည့်အတွက် များစွာအကျိုးကျေးဇူးရရှိမှာ ဖြစ်ပြီး အသိပညာပေးထုတ်ပြန်ချက်များနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)