လိပ်သိုမြို့တွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုမဖြစ်ပေါ်စေရေး ထပ်ဆောင်ကာကွယ်ဆေး Booster Dose ဆက်လက်ထိုးနှံ

လိပ်သို နိုဝင်ဘာ ၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးမှုကာလ (၄)လအထက်ရှိသူများအား ထပ်ဆောင်းကာကွယ်ဆေးအဖြစ် ထိုးနှံခြင်းလုပ်ငန်း ကို ယနေ့နံနက် ၉ နာရီအချိန်က လိပ်သိုတိုက်နယ်ကျန်းမာရေး ဌာနတွင် ဆက်လက်ထိုးနှံပေးခဲ့ ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် တိုက်နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းမျာက ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီးစီးမှုကာလ (၄)လနှင့်အထက်ရှိသူများဖြစ်သည့် ဝန်ထမ်းများနှင့် ကျေးလက်နေပြည်သူများအား ကိုဗစ်-၁၉ရောဂါကူးစက်ဖြစ်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရေးအတွက် ထပ်ဆောင်းကာကွယ်ဆေး Booster Dose များ ထိုးနှံပေးခဲ့သည်။

လိပ်သိုမြို့တွင် မြို့ပေါ်/ရပ်ကွက် (၆)ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၃၁)အုပ်စုရှိရာ ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံနိုင်ရေးအတွက် လိပ်သိုမြို့ တိုက်နယ်ကျန်းမာရေးဌာနမှ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)