အောင်လံမြို့၌ ကျောင်းအုပ်ကြီးများနှင့် တာဝန်ခံကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

အောင်လံ နိုဝင်ဘာ ၁

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင် အောင်လံမြို့၌ ကျောင်းအုပ်ကြီးများနှင့် တာဝန်ခံကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက စမ်းချောင်းရပ်ကွက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမတွင်ပြုလုပ်ခဲ့ရာ အထက်တန်း၊ အလယ်တန်းကျောင်း မူလတန်းကျောင်းအုပ်ကြီးများ(၂၅၃)ဦး တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် အောင်လံခရိုင် ပညာရေးမှူး ဦးဌေးလွင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးချစ်လွင်က သင်တန်းဆိုင်ရာ အမှာစကားပြောကြားကာ အ-ထ-က သမ္ဘူလကျောင်းအုပ် ဆရာကြီး ဦးခင်မောင်လွင်က စီမံမော်ဂျူး(၃,၄)ဘာသာရပ်နှင့် အ-ထ-က ညောင်ပင်ဆိပ်ကျောင်းအုပ်ဆရာကြီး ဦးဝင်းဇော်က စီမံမော်ဂျူး(၁,၂)ဘာသာရပ်များ ဆွေးနွေးပို့ချခဲ့သည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာလ (၃၀)နှင့် (၃၁)ရက် နှစ်ရက်တာ ကျင်းပဆွေးနွေးခဲ့ကြောင်း သိရသည်။

မျိုးသိန်း (ပြန်/ဆက်)