အောင်လံမြို့၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် မဲရုံအရေအတွက် လျာထားသတ်မှတ်ခြင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

အောင်လံ နိုဝင်ဘာ ၁

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင် အောင်လံမြို့သို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးနှင့် ဦးမင်းမင်းဦးတို့ ရောက်ရှိ၍ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် မဲရုံအရေအတွက လျာထားသတ်မှတ်ခြင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က အောင်လံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အောင်လံခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်၊ ဆင်ပေါင်ဝဲ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခြန်ဖီယာန်၊ အောင်လံခရိုင် လဝကဦးစီးမှူး ဦးသိန်းဇော်၊ မြို့နယ်လဝကဦးစီးမှူး ဦးစိုးနိုင်၊ ဆင်ပေါင်ဝဲမြို့နယ် လဝကဦးစီးမှူး ဦးစောလှမောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဦးအောင်လွင်ဦးက အဖွင့်အမှာစကား ပြောကြားပြီး ဦးမင်းမင်းဦးက အမှာစကားပြောကြားကာ သရက်ခရိုင် ရွေးကောက်ပွဲအရာရှိ ဒေါ်နေဝါလှိုင်က အောင်လံမြို့နယ်နှင့် ဆင်ပေါင်ဝဲမြို့နယ်တို့၏ လူဦးရေစာရင်း ပြင်ဆင်၊ ဖြည့်စွက်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် အထွေထွေရွေးကောက်ပွဲအတွက် မဲရုံများလျာထားဆောင်ရွက်မှုအား Power Point ဖြင့် ရှင်းလင်းတင်ပြပြီး အောင်လံမြို့နယ် ရွေးကောက်ပွဲအရာရှိ ဦးအောင်ကျော်ဝင်းက မဲရုံများလျာထားသတ်မှတ်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်းတင်ပြကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မိမိတို့ရပ်ကွက်အတွင်း မဲရုံနေရာများထားရှိမည့်ကိစ္စနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး ဆင်ပေါင်ဝဲမြို့နယ်ရွေးကောက်ပွဲအရာရှိက မဲရုံနေရာများ လျာထားသတ်မှတ်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးက လိုအပ်သည်များကို ထပ်မံဖြည့်စွက် ရှင်းလင်းပြောကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)