မြန်အောင်မြို့နယ်တွင် မိုးစပါးဆင်းသုခစံပြကွက်ရိတ်သိမ်းပွဲကျင်းပ

မြန်အောင် အောက်တိုဘာ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် မြို့နယ်စိုက်ပျိုး ထုတ်လုပ်မှုတိုးတက် မြင့်မားရေး ကြီးကြပ်မှုကော်မတီက ၂၀၂၂ ခုနှစ် မိုးစပါး (တစ်ဧကတင်း ၁၀၀ နှင့် အထက်ထွက်ရှိရေး) ဆင်းသုခစံပြကွက်ရိတ်သိမ်းပွဲကို ယနေ့ နံနက်က တာခွတဲကြီးကုန်း ကျေးရွာအုပ်စု၊ ဧက(၂၀၀)စံပြကွက်ရှိ တောင်သူ ဦးသန်းထွဋ်၏ ကွင်းအမှတ်(၂၅၀)၊ ဦးပိုင်အမှတ် (၂၀၃)ရှိ လယ်မြေ()ဧကတွင် ကျင်းပ ပြုလုပ်ခဲ့ရာ တစ်ဧကလျှင်ဆင်းသုခစပါး အစိုတင်း (၁၂၁.၁၀)နှုန်းထွက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲသို့ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ အဖွဲ့ဝင်() ဒုတိယ ဗိုလ်မှူးကြီး အောင်စိုး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ကျော်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ မြို့နယ်စိုက်ပျိူးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမြင့်အောင်နှင့် ဝန်ထမ်းများ၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအတွင်းရှိ စိတ်ပါဝင်စားသူတောင်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ ကြောင်း သိရသည်။

ဝင်းဗိုလ် မြန်အောင် (ပြန်/ဆက်)