လိပ်သို အောက်တိုဘာ ၃၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသရှိ ရော်ဘာစိုက်ပျိုးသော ကျေးရွာများတွင် ခြံပိုင်ရှင်များ ယခုအခါ အစေးလှီးခြင်းနှင့် ရော်ဘာပြားများ ထုတ်လုပ်ခြင်းလုပ်ငန်းများကို စတင်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
ရော်ဘာအပင်သည် နှစ်ရှည်အပင်ဖြစ်ပြီး ထွက်ရှိလာသော ရော်ဘာပြားများကို အခြောက်ခံခြင်း၊ မှိုင်းခံခြင်းတို့ ပြုလုပ်ပြီး မိမိတို့ကျေးရွာရှိ ဝယ်ယူသူများနှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ ရော်ဘာအဝယ်ဒိုင်များသို့ ပို့ဆောင်ရောင်းချလျက်ရှိရာ ရော်ဘာပြားအရည်အသွေးပေါ် မူတည်၍ ရော်ဘာတစ်ပေါင်ကို ကျပ်(၁၁၀ဝိ/-) မှ (၁၃၀ဝိ/-) အထိ ဈေးရရှိနေ၍ ခြံပိုင်ရှင်များနှင့် အစေးလှီး ရော်ဘာပြား ထုတ်လုပ်ပေးသူ လုပ်သားများ စားဝတ်နေရေး အဆင်ပြေလျက်ရှိ ကြောင်း သိရသည်။
အဆိုပါ ရော်ဘာကို ယခင်နှစ်က ရော်ဘာတစ်ပေါင်လျှင် ကျပ် (၈၀ဝိ/-) မှ (၁၀၀ဝိ/-) ကျပ်သာ ဈေးရရှိခဲ့ပြီး ယခုနှစ်တွင် ဈေးပိုမိုရရှိလာ၍ ရပ်နားထားသော ခြံပိုင်ရှင်များကလည်း မိမိတို့ ခြံတွင် လုပ်ကိုင်ဆောင်ရွက်ပေးမည့် လုပ်သားများ ရှာဖွေလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)