ဘားအံမြို့တွင် မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ဘားအံ  အောက်တိုဘာ ၃၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက် လက်ကမ်းစာစောင်များအား ကျောင်းသား/သူများ၊ ဆရာ/မများ၊ ပြည်သူများသို့ ယနေ့နံနက်ပိုင်းက အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ကိုင်ဆောင်သူများမှ သတိပြုလိုက်နာရမည့် အချက်များ၊ မိဘပြည်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/ပျက်စီးသူများ၊ အသစ်ဆောင်ရွက်လိုသူများအနေဖြင့် လိုက်နာရမည့် အချက်များ၊ ပုံစံ ၆၆/၆ အိမ်ထောင်စုလူဦးရေစာရင်း (အထစ) ပျောက်ဆုံး/ပျက်စီးသူများ၊ အချက်အလက် ကွဲလွဲသူများ၊ ပြောင်းဝင်/ပြောင်းထွက် ဆောင်ရွက်လိုသူများ၊ အိမ်ထောင်စု လူဦးရေစာရင်း မရှိသေးသူများအနေဖြင့် မြို့နယ်လဝကရုံးများသို့ သွားရောက်ဖြေရှင်း ဆောင်ရွက်နိုင်ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ e-ID Biographic Registration Software နည်းပညာဖြင့် နိုင်ငံသားပြုခွင့်ရသူနှင့် အခြားအသိအမှတ်ပြုကတ်ပြား ကိုင်ဆောင်သူများ၏ စာရင်းရေးသွင်းပြီးစီးမှုစသည့် အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။

မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊  မြို့နယ်ဦးစီးမှူးရုံးမှ  ဝန်ထမ်းများက လူစည်ကားရာနေရာများ၊ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်များတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)