မင်းဘူး(စကု)မြို့နယ်၌ ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်

မင်းဘူး အောက်တိုဘာ ၃၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ရပ်ကွက်အတွင်းရှိ လမ်းများအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ၂၀၂၂ ခုနှစ် အောက်တိုဘာလဆန်းပိုင်းမှစ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါ ရပ်ကွက်အတွင်းရှိ လမ်းများအဆင့်မြှင့်တင်ခြင်းလုပ်ငန်းမှာ လမ်းပေါင်း(၂၃)လမ်းဖြစ်ပြီး၊ မင်းဘူးမြို့တွင် ရပ်ကွက်အတွင်းရှိ လမ်းပေါင်း(၁၅)လမ်းနှင့် စကုမြို့တွင် ရပ်ကွက်အတွင်းလမ်း(၈)လမ်း စုစုပေါင်း(၂၃)လမ်းအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေ ကျပ် ၅၅၁ ဒသမ ၇၆ သန်းဖြင့် ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းများစံချိန်၊ စံညွှန်းပြည့်မီရေး၊ အရည်အသွေးများနှင့် ကိုက်ညီကောင်းမွန်စေရေး၊ သတ်မှတ်ကာလအတွင်း အကောင်အထည်ဖော် ပြီးစီးဆောင်ရွက်နိုင်ရေးတို့အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်အင်ဂျင်နီယာ ဒေါ်ယုယုလွင်က အနီးကပ်ကြီးကြပ်လျက်ရှိကြောင်း သိရသည်။

ထိုကဲ့သို့ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပါက ရပ်ကွက်နေပြည်သူများနှင့် လမ်းသွား၊ လမ်းလာခရီးသွားဧည့်သည်များ မော်တော်ကား၊ မော်တော်ဆိုင်ကယ်များဖြင့် လွယ်ကူချောမွေ့စွာ သွားလာနိုင်ပေတော့မည်။

ဇေယျာထက်(မင်းဘူး)