မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အခြေခံလူတန်းစား အိမ်ထောင်စုများအား စားကုန်များထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပ      

ဆင်ပေါင်ဝဲ အောက်တိုဘာ ၃၀

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အဖွဲ့ဝင်များက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအား စားကုန်များထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က ဆင်ပေါင်ဝဲမြို့ မြို့နယ်ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ ထောက်ပံ့ပေးအပ်ပွဲတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က အခြေခံစားသောက်ကုန်များပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဝန်ကြီးချုပ်ဦးတင့်လွင်နှင့်အဖွဲ့ဝင်များက အခြေခံလူတန်းစား အိမ်ထောင်စု(၁၀၀၀)စုမှ အိမ်ထောင်စုဝင်များအား စားကုန်များ ထောက်ပံ့ပေးအပ်ခဲ့သည်။ 

ဆက်လက်၍  ဆင်ပေါင်ဝဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် အခြေခံပညာကျောင်းများအတွက် ကွန်ပျူတာလက်တော့(၄)လုံးအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချူပ်မှ ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်ပညာရေးမှူးဒေါ်မြင့်မြင့်စိန်မှ လက်ခံရယူခဲ့ကြောင်းသိရှိရသည်။

နိုင်လင်း(ပြန်/ဆက်)