အောင်လံမြို့၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အခြေခံလူတန်းစား အိမ်ထောင်စု(၁၀၀၀)စုမှ အိမ်ထောင်စုဝင်များအား စားကုန်များနှင့် Mask များထောက်ပံ့ပေးအပ်

အောင်လံ အောက်တိုဘာ ၃၀

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အခြေခံလူတန်းစားအိမ်ထောင်စု (၁၀၀၀)စုမှ အိမ်ထောင်စုဝင်များအား စားကုန်များထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၁ နာရီက စမ်းချောင်းရပ်ကွက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က အခြေခံစားသောက်ကုန်များပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များက အခြေခံလူတန်းစားအိမ်ထောင်စု(၁၀၀၀)စုမှ အိမ်ထောင်စုဝင်များအား စားကုန်များဖြစ်သည့် ဆန်(၁၀၀၀)ပြည်၊ ဆီ(၃၀၀)ပိဿာ၊ ဆား(၅၀၀)ပိဿာ၊ ကုလားပဲ(၃၀၀၀)ပိဿာနှင့် Mask(၁၀၀၀၀)ခုတို့အား ထောက်ပံ့ပေးအပ်ခဲ့ပြီး ဆက်လက်၍ အ-ထ-က(၁)ကျောင်းအုပ်ဆရာမကြီးထံသို့ ကွန်ပျူတာလက်တော့(၄)လုံးနှင့် အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)