ကရင်ပြည်နယ် ဘားအံမြို့တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ (ဆင့်ပွား) သင်တန်းဖွင့်လှစ်

ဘားအံ  အောက်တိုဘာ ၂၉

ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ အခြေခံ ပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် တာဝန်ခံကျောင်းအုပ်များအား စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ (ဆင့်ပွား)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ အချိန်ခန့်က အမှတ်(၁)အခြေခံပညာအထက်တန် းကျောင်းရှိ မြသံလွင်ခန်းမ၌ ပြုလုပ်ကျင်းပသည်။

အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ပြည်နယ်ပညာရေးမှူး၊ ညွှန်ကြားရေးမှူး ဒေါ်နန့်ဆယ်လီလှိုင်က ဆင့်ပွားသင်တန်းသို့ တက်ရောက်လာကြသည့် မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် တာဝန်ခံကျောင်းများမှ ကျောင်းအုပ်များ အနေဖြင့် မြေပြင်တွင် အမှန်တကယ် ဆောင်ရွက်ရသည်ဖြစ်၍  စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေးသင်တန်းမှ သင်ကြားဆွေးနွေးပို့ချမှု သင်ခန်းစာ ဘာသာရပ်များအား အထူးအလေး အနက်ထား မှတ်သားလိုက်နာ သင်ယူကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ဘားမြို့နယ်ပညာရေးမှူး ဒေါ်ရီရီသန်းအံမြို့က “ကျောင်းအုပ်ကြီးများအနေဖြင့် ပညာရေးလုပ်ငန်းဆောင်ရွက်ရာတွင် စီမံခန့်ခွဲမှု အရည်အသွေး တိုးတက်မြင့်မားရေးအတွက် ရည်ရွယ်၍ ကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ဘားအံမြို့နယ်  ကျောင်းအုပ်ဆရာ/ဆရာမ ကြီးများက ကရင်တိုင်းရင်းသားတို့၏ “အှ်ယှုအှ်ဃှင်” သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရှိရသည်။

ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ (ဆင့်ပွား) သင်တန်းကို အောက်တိုဘာ ၂၉ ရက်နေ့မှ ၃၀ ရက်နေ့အထိ ၂ ရက်ကြာ ဖွင့်လှစ်ပို့ချ ပေးသွားမည်ဖြစ်ပြီး အဆိုပါသင်တန်းကို ဘားအံမြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ် စုစုပေါင်း (၁၁၃ )ဦးမှ တက်ရောက်လျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)