ညောင်တုန်းမြို့၌ ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲသင်တန်းဖွင့်လှစ်

ညောင်တုန်း စက်တင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲသင်တန်းကို ယနေ့နံနက် ၁၀ နာရီက အ-မ-က-၁ (အရှေ့ပိုင်း) ၌ ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ့ ဥက္ကဋ္ဌ ဦးဖီးလစ်သောင်းရွှေက အမှာစကား ပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်သန်းသန်းစိုးနှင့် အဖွဲ့ဝင် ဒေါ်အေးအေးခိုင်တို့က မဲဆန္ဒနယ် ပြင်ပရောက်နေသူများ ကြိုတင် မဲပေးခြင်း၊ မဲပေးရန်ပြင်ဆင်ခြင်း၊ ရွေးကောက်ပွဲနေ့တွင် မဲရုံများကို ကြီးကြပ်ခြင်း၊ မဲဆန္ဒနယ်အတွင်းရှိ မဲရုံသို့ မလာရောက် နိုင်သူများ ကြိုတင်မဲပေးခြင်းနှင့် ရပ်ကွက် ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ လိုက်နာရမည့် ကျင့်ဝတ်များစသည့် အကြောင်းအရာများကို ပို့ချပေးခဲ့သည်။

အဆိုပါဆင့်ပွားသင်တန်းသို့ ရပ်ကွက် (၁၀) ခုတို့မှ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်တို့မှ စုစုပေါင်း နှစ်ဦးစီ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝဠာနိုင် (ညောင်တုန်း)