သံတောင်ကြီးမြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနရုံးအတွက်Laptop ကွန်ပျူတာနှင့်ကိုဗစ်-၁၉ရောဂါကာကွယ်ရေးပစ္စည်းများထောက်ပံ့ပေးအပ်

သံတောင်ကြီး စက်တင်ဘာ ၁၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်ရုံးအတွက်   သံတောင်ကြီး အမျိုးသမီးများအဖွဲ့မှ Laptop ကွန်ပျူတာနှင့်ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌‌ရေး ပစ္စည်းများ ထောက်ပံ့ခြင်းကို ယနေ့ နံနက်ပိုင်းကပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ပေးအပ်ရာတွင် သံတောင်ကြီးအမျိုးသမီးများအဖွဲ့    ဒါရိုက်တာ‌ဒါ်နော်မာမာချို ကသတင်းပိုင်းဆိုင်ရာ လုပ်ငန်း ဆောင်ရွက်ရန်တွင် လည်းကောင်း၊    အသိပညာပေးလုပ်ငန်းများ ဆောင် ရွက်ရန်တွင်လွယ်ကူအဆင်ပြေစေရန်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း များ သည် ပြည်သူလူထုနှင့်အမြဲထိတွေ့ ဆက်ဆံရသည့် အတွက် ကိုဗစ်-၁၉ရောဂါဆိုင်ရာ ကာကွယ်ရေး ပစ္စည်းများထောက်ပံ့ပေးအပ် ခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

အဆိုပါထောက်ပံ့ပစ္စည်းများမှာ  တန်ဖိုးငွေကျပ်(၇)သိန်းခန့်  (hp)  အမျိုးအစား  laptop ကွန်ပျူတာ ( ၁)လုံး၊  နှာခေါင်းစည်း   ( ၂ )ဗူး၊  လက်သန့် ဆေးရည်  (၃)ဗူး၊  မျက်နှာကာ(၆)ခုတို့ကို သံတောင်ကြီးအမျိုးသမီးများအဖွဲ့ ဒါရိုက်တာ ဒေါ်မာမာချို က ပေးအပ်ရာမြို့နယ်ဦးစီးမှူးနော်လော်မူက လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ ပြီး ထောက်ပံ့ပေးအပ်ခြင်းကို    ကျန်းမာရေး နှင့်  အားကစားဝန်ကြီးဌာန၏     လမ်းညွှန်ချက်နှင့်အ     ညီဆောင်ရွက် ခြင်း ဖြစ်ကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်