တောင်တွင်းကြီး စက်တင်ဘာ ၁၈
တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် နွားပွဲစျေးအတွင်း ညွှန်ကြားချက်များ လိုက်နာမှုရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်းကို ယနေ့နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် နွားပွဲစျေးအတွင်း နွားအရောင်းအဝယ်ပြုလုပ်သည့် မှတ်တမ်းပုံစံများအား စစ်ဆေးခြင်း၊ နွားပွဲစျေးအတွင်း အရောင်းအဝယ်ပြုလုပ်ရန် လာရောက်ကြသော ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး စည်းကမ်းချက်များအား လိုက်နာကြရန်နှင့် နှာခေါင်းစည်း (Mask)များ တပ်ဆင်ကြစေရေး ကွင်းဆင်း စစ်ဆေးခြင်း ကို မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဌေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိဦးမြင့်မြတ် ၊ စျေးနှင့် သားသတ်ဌာန စိတ်ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေးမိုးမိုးမြင့်