လှိုင်းဘွဲ စက်တင်ဘာ ၁၈
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ပါတီစုံအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဇော်ညွန့်က သင်တန်းဖွင့်လှစ်ရ ခြင်း၏ ရည်ရွယ်ချက်မှာ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို လွတ်လပ်မျှတမှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်မှု၊ ပြည်သူ့ဆန္ဒနှင့်တစ်ထပ်ထဲ ကျစေမှု၊ တာဝ န်နှင့်လုပ်ပိုင်ခွင့်များ စသည်တို့ကို အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်အိသဉ္ဇာအောင်က မဆန္ဒနယ် ပြင်ပရောက်နေသူများ ကြိုတင်မဲပေးခြင်း၊ မဲပေးရန်ပြင်ဆင်ခြင်း၊ ရွေးကောက်ပွဲနေ့၌ မဲရုံများကို ကြီးကြပ်ခြင်းနှင့်မဲရုံအတွင်းသို့ ဝင်ရောက်ခြင်း၊ ဆန္ဒမဲ ရေတွက်ခြင်း၊ မဲဆန္ဒနယ်အတွင်းရှိ မဲရုံသို့ မလာရောက်နိုင်သူများ ကြိုတင်မဲပေးခြင်းကိုလည်းကောင်း မြို့နယ်ကော်မရှင်အဖွဲ့ဝင် ဒေါ်နှင်းနှင်းဝေးက ရွေးကောက်ပွဲနှင့်ပတ်သက်သည့် ဥပဒေ၊နည်းဥပဒေများ၊ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများ လိုက်နာရမည့် ကျင့်ဝတ်နှင့်စည်းကမ်းများကို အသီးသီးရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် စုစုပေါင်း(၁၂၀)ဦးတက်ရောက်မည်ဖြစ်ပြီး ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်သည့်အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွန်ကြားချက်နှင့်အညီ (၃)သုတ်ခွဲ၍ ဆင့်ပွားသင်တန်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)