ကျွန်းစုမြို့တွင် မော်တော်ဆိုင်ကယ်များ ဘီးခွန် ဆောင်ထားခြင်း ရှိ/မရှိ စိစစ်၍ ပြုလုပ်ဆောင်ရွက်ပေး

ကျွန်းစု စက်တင်ဘာ ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၂-၂၀၂၃ခု (၁)နှစ် ဘဏ္ဍာရေးနှစ်အတွက် မော်တော်ဆိုင်ကယ်များ ဘီးခွန်ဆောင်ထားခြင်း ရှိ/မရှိ စိစစ်၍ ဆိုင်ကယ်ဘီးခွန်များအား ယနေ့နံနက်ပိုင်းက ဗိုလ်ချုပ်လမ်းမကြီးနှင့် အောင်သ ပြေလမ်းဆုံ၊ မြို့နယ်စည်ပင်ရုံးအရှေ့၌ ပြုလုပ်ဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးထွန်းထွန်းဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ ဖြတ်သန်းသွားလာနေသော ဆိုင်ကယ် (၁၄)စီးအား တစ်စီးလျှင် ဘီးခွန် (၃၀၀၀)ကျပ်နှင့် ဒဏ်ကြေး (၅၅၀၀)၊ စုစုပေါင်း (၈၅၀၀)ကျပ် ဖြင့် ဆိုင်ကယ် ဘီးခွန် ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ဘီးခွန်များ ပြုလုပ်ခြင်းကို ဧပြီလ (၁)ရက်နေ့မှ မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့ရုံး၌ နေ့စဉ်ရုံးဖွင့်ရက်များတွင် ဆိုင်ကယ်တစ်စီးလျှင် (၃၀၀၀)ကျပ်ဖြင့် ပြုလုပ်ပေးလျက်ရှိရာ မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာအချို့မှ ဘီးခွန်လာရောက်ပြုလုပ်သည့် မော်တော်‌ဆိုင်ကယ် စီး(၂၀၀) ကျော်ခန့်သာရှိပြီး ဘီးခွန်လာရောက်ပြုလုပ်ခြင်းမရှိသည့် ဆိုင်ကယ်များအား စိစစ်ဆောင်ရွက် ခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

စည်သူရအောင်(ကျွန်းစု)