ဖြူး အောက်တိုဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ နွားမွေးမြူသူ တောင်သူများအား တိရစ္ဆာန်အစာနုစပ်စာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီခွဲအချိန်က မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြတ်မင်းမောင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဖြူးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်စီးမှူးဒေါက်တာစိုးငြိမ်းအောင်က တိရစ္ဆာန်အစာများ ထောက်ပံ့ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ခိုင်းနွားများ၊ အသားတိုးနွားများနှင့် နို့စားနွားများ အစာစားနှုန်းကောင်းမွန်ပြီး ကြီးထွားနှုန်းနှင့် ကူးစက်မှုရောဂါဒဏ်များ ခံနိုင်ရေးအတွက်ရည်ရွယ်ကာ ဖြူးမြို့နယ်အတွင်း နွားမွေးမြူသူတောင်သူများအား တိရစ္ဆာန်အစာနုစပ်စာများ ထောက်ပံ့ရာတွင် နွားမွေးမြူသူတောင်သူ(၃၁)ဦးအတွက် တစ်ဦးလျှင်တစ်အိတ်နှုန်းဖြင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဖြူးမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူးနှင့် တက်ရောက်လာကြသော မြို့နယ်အဆင့်ဌာနဆိုင်ရာများက ပေးအပ်ပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)