ယာဉ်အန္တရာယ်ကင်းရှင်း​ရေး​ အသိပညာပေး (Talk Show) ဆောင်ရွက်

ရွှေဘို ​အောက်တိုဘာ ၂၈

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယာဉ်အန္တရာယ် ကင်းရှင်း​ရေး အသိပညာ‌ပေး(Talk Show)ကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်​ထောက်ညွှန်ကြား​ရေးမှူး ဒေါ်အေးမြမွန်က အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ် ချက်များအား ရှင်းလင်း ပြောကြားခဲ့ပြီး အမှတ်(၁၁၆)​ရွှေဘိုယာဉ်ထိန်းရဲတပ်ဖွဲ့စုရုံးမှ ရဲအုပ်ညီမင်းထိုက်က ပြည်သူများ ယာဉ်အန္တာရာယ်ကင်းရှင်း​ရေးအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ယာဉ်စည်းကမ်းနှင့် ပတ်သက်ပြီး ပြည်သူများ သိရှိသင့်သည့်အချက်နှင့် လိုက်နာ​ဆောင်ရွက်ရမည့် လမ်းစည်းကမ်းများ၊ လမ်း​လျှောက်သူများ လိုက်နာရမည့်အချက်များ၊​ မော်တော်ဆိုင်ကယ်စီးနင်းသူများ လိုက်နာရမည့် စည်းကမ်းချက်များ၊​ ယာဉ်အန္တာရာယ်ကင်းရှင်း​ရေးအတွက် ဒေသခံပြည်သူများ သိသင့်သိထိုက်သည့် အချက်များ စသည်တို့ကို အကျယ်တဝင့် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါဆောင်ရွက်ခြင်းများကို Online စနစ်ဖြင့် ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန် အသိပညာ‌ပေး ‌Talk Show အစီအစဉ်များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ We love Shwe Bo Facebook Pageတွင်စဉ်ဆက်မပြတ် စီစဉ်တင်ဆက်​ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)