ထားဝယ် အောက်တိုဘာ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတို့ ပူးပေါင်း၍ နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/ ၆ အား မိဘပြည်သူများသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ချက်နှင့် ပတ်သက်သည့် အသိပညာပေးဆွေးနွေးပွဲTalk Show ကို ယနေ့နံနက်ပိုင်းက ထားဝယ်ခရိုင်လူထု အခြေပြုဗဟိုဌာန၊ (Community Centre)ခန်းမ၌ ကျင်းပခဲ့ သည်။
ဆွေးနွေးပွဲတွင် ထားဝယ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဦးနိုင်ဝင်းကဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်း ဆွေးနွေးပြောကြားပြီး လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိဦးအောင်နိုင်က ပြည်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းဆောင်ရွက်ရန် အခက်အခဲများရှိပါက သက်ဆိုင်ရာ မြို့နယ်လဝကရုံးသို့ လာရောက်ဆက်သွယ်ဖြေရှင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပြည်သူလူထုများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ် ပြားများကို ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် အသိပေးထုတ်ပြန်ချက် အချက်(၇)ချက်ပါအချက်အလက်များနှင့် ဆောင်ရွက်ပေးနေမှုများ၊ အိမ်ထောင်စုလူဦးရေစာရင်းများကို ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် အသိပေးထုတ်ပြန်ချက် အချက်(၆)ချက်ပါအချက်အလက် များနှင့် ဆောင်ရွက်ပေးနေမှုများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ချက်များအား အကျယ်တဝင့် ရှင်း လင်းဆွေးနွေးပြောကြားသည်။
ထို့နောက် ထားဝယ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဦးနိုင်ဝင်းက ရှင်းလင်းဆွေးနွေးပြောကြားသော လူဝင်မှု ကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး အားကျေးဇူးတင်ရှိပါကြောင်းနှင့် အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ဆက်လက်ပြုလုပ်ပေးသွားမည် ဖြစ် ကြောင်းသိရသည်။
"နိုဝင်ဘာ(၁၅)ရက်နေ့အထိ ဝန်ကြီးဌာနမှ တိုးမြှင့်ဖြေရှင်းဆောင်ရွက်ဖို့ ရက်တိုးပေးထားပါတယ်”ဟု လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိဦးအောင်နိုင်၏ ဆွေးနွေးပြောကြားချက်အရ သိရသည်။
နိုင်ငံသားစိစစ်ရေးကတ် တစ်ကတ်ထက်ကိုင်ဆောင်ထားရှိသူများ သတ်မှတ်ကာလအတွင်း၌ လာရောက်ဖြေရှင်းဆောင်ရွက်ပါက ရွေ းချယ်လိုသည့်ကတ်ကို ကာယကံရှင်မှ ရွေးချယ်နိုင်မည်ဖြစ်ကြောင်း၊ သတ်မှတ်ကာလ ကျော်လွန်ပါက ညွှန်ကြားချက်အတိုင်း ဒုတိယကတ်ကိုအတည်ပြုပြီး ယခင်ကိုင်ဆောင်သည့်ကတ်ကို ပယ်ဖျက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)