မြန်အောင် အောက်တိုဘာ ၂၈
ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန မြန်အောင်မြို့နယ် မီးသတ်ဦးစီးမှူးရုံး၌ ယနေ့ နံနက်က အရန် မီးသတ်တပ်ဖွဲ့ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ ပြုလုပ်သည်။
အခမ်းအနားတွင် မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်က သင်တန်းဆင်း အမှာစကား ပြောကြားပြီး သင်တန်းဆင်းလက်မှတ်နှင့် ထူးချွန်ဆုရသင်တန်းသားများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ ကြသည်။
သင်တန်းတွင် မီးသတ်တပ်ဖွဲ့၏ အဓိကတာဝန်ကြီး (၄)ရပ်ဖြစ်သော မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး နှင့်ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးတာဝန်ကြီး (၄)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် စည်းကမ်းသေသပ်မှု (အခြေခံလက်နက်မဲ့စစ်ရေးပြ)၊ မီးသတ်ပညာ ဘာသာရပ် (စာတွေ့လက်တွေ့)၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း (စာတွေ့လက်တွေ့) သင်ကြားပေးခဲ့ပြီး သင်တန်းသားများက ရှာဖွေကယ်ဆယ်ရေးနှင့် မီးသတ်စွမ်းရည် လက်တွေ့သရုပ်ပြသခဲ့ကြသည်။
အရန်မီးသတ်တပ်ဖွဲ့ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းအမှတ်စဉ်(၁/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားသို့ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး အောင်စိုး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးအောင်သူရိန်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချစ်မောင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးယူနီယံအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ဝင်းဗိုလ် မြန်အောင် (ပြန်/ဆက်)