ကြို့ပင်ကောက်မြို့တွင် အရန်မီးသတ်လေ့ကျင့်ရေးမွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ကြို့ပင်ကောက် အောက်တိုဘာ ၂၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ မီးသတ်ဦးစီးဌာနရုံးတွင် အရန်မီးသတ်လေ့ကျင့်ရေးမွမ်းမံသင်တန်းဆင်းပွဲပခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

အခမ်းအနား၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးကျော်ကိုကိုက သင်တန်းဆင်းမိန့်ခွန်း ပြောကြားရာတွင် ယခုသင်တန်းမှ ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာတို့ကို ကာကွယ်စောင့်ရှောက်ပေးမည့် မီးသတ်သူရဲကောင်းများမွေးထုတ်ပေးခဲ့ပြီဖြစ်၍ များစွာဝမ်းမြောက်မိပါကြောင်း သဘာဝဘေးအန္တရာယ်များကြောင့် ဒုက္ခရောက်နေသောပြည်သူများကိုလည်း ရှာဖွေကယ်ဆယ်ရေး ပညာရပ်များဖြင့် အချိန်မီကယ်တင်နိုင်ရေးအတွက် အမြဲမပြတ်လေ့ကျင့်နေဖို့လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးဦးမင်းနိုင်က သင်တန်းသားများ၏ကိုယ်စား သင်တန်းသားတစ်ဦးထံ သင်တန်းဆင်းဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းမှ မြို့နယ်အရန်မီးသတ်သင်တန်းသား ၅၀ ဦးအား မီးငြိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့အတွက် အောက်တိုဘာလ ၃ ရက်နေ့မှ ၂၈ ရက်နေ့အထိ စာတွေ့လက်တွေ့သင်ကြားပေးခဲ့ကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)