သာယာဝတီ အောက်တိုဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်တွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း(၁/၂၀၂၂)ဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ မီးသတ်ဦးစီးမှူးရုံး၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုက သင်တန်းကာလအတွင်း သင်ကြားပေးသည့် အတတ်ပညာများကို ပြည်သူများအတွက် ယုံကြည်အားကိုးရသော မီးသတ်ဖွဲ့ဝင်များအဖြစ် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက သင်တန်းဆင်းလက်မှတ်ပေးအပ်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်စိုးလွင်က မီးသတ်ယူနီဖောင်းများကို ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါသင်တန်းတွင် သင်တန်းသား ၅ဝ ဦးတက်ရောက်ကာ ရှာဖွေကယ်ဆယ်ရေးပညာရပ်၊ ကုသရေးပညာရပ်နှင့် ကယ်ဆယ်ရေးပစ္စည်းများ ကိုင်တွယ်အသုံးပြုနည်းတို့ကို အောက်တ်ုဘာလ ၄ ရက်မှ ၂၈ ရက်အထိ စာတွေ့၊ လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)