ကျွန်းစု စက်တင်ဘာ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မြို့မဈေးအတွင်း မီးဘေးလုံခြုံရေးအတွက် ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးတင်ထွန်းနိုင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ ဈေးတာဝန်ခံတို့က ဈေးအတွင်းရှိ ဆိုင်ခန်းများ၌ မီးသတ်ဆေးဗူးများထားရှိမှုကို စစ်ဆေးခဲ့ပြီး မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များ၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့က ပြုလုပ်ထားရှိသော ရေဂါလံ(၁၅၀၀၀)ဆံ (၂)ကန်မှ သွယ်တန်းအသုံးပြုလျက်ရှိသော ရေပိုက်လှိုင်းများအား စနစ်တကျ အသုံးပြုရန် စသည်တို့ကို ပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)