ဗန်းမောက်မြို့နယ်တွင် ပရဟိတလူမှုကူညီရေးအသင်းက နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေ

ဗန်းမောက် စက်တင်ဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် ကိုဗစ်-၁၉ အသက်ရှူလမ်း ကြောင်း ဆိုင်ရာ ရောဂါဖြစ်ပွားနေချိန် ကာလအတွင်း ရောဂါကူးစက်မှု ကာကွယ်နိုင်ရန်အတွက် ယနေနံနက်ပိုင်းက ပရဟိတလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးကျောင်မြင့်ဦး နှင့် အသင်းသူအသင်းသားများမှ ဦးဆောင်၍ ယာယီပျံကျတွင် စျေးသူ၊ စျေးသားများ၊ စျေးဝယ်လာပြည်သူများ၊ လမ်းသွားလမ်း လာပြည်သူများအား နှာခေါင်းစည်း (Mask) များ အခမဲ့ပေးဝေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဗန်းမောက်မြို့နယ်အတွင်းရှိ စည်ပင်သာယာစျေး၊ မြို့နယ်ပြည်သူ့ဆေးရုံသွား လမ်းနှင့် ဗိုလ်ချုပ်လမ်းတစ်လျှောက် လမ်းဆုံနေရာတို့တွင် နှာခေါင်းစည်း (Mask) များ အခမဲ့ပေးဝေခဲ့ရာ စုစုပေါင်း နှာခေါင်းစည်း (Mask) အခုရေ ၂၀၀၀ ခု အခမဲ့ပေးဝေခဲ့ကြောင်း သိရသည်။

ကျော်စွာ(ဗန်းမောက်)