ဖောင်းပြင်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု (၆,၁၄၀) အတွက် ထောက်ပံ့ငွေများကို တာဝန်ရှိသူများထံ လွှဲပြောင်း ပေးအပ်

ဖောင်းပြင် စက်တင်ဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၆,၁၄၀) စုအတွက် ထောက်ပံ့ငွေ များအား  လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

ထိုသို့ပေးအပ်ရာ အိမ်ထောင်စု တစ်စုလျင် ငွေကျပ်(၂၀,၀၀၀) နှုန်းဖြင့် အိမ်ထောင်စု(၆,၁၄၀) အတွက် ထောက်ပံ့ငွေစုစုပေါင်း ငွေကျပ် (၁၂၂,၈၀၀,၀၀၀) တစ်ထောင်နှစ်ရာနှစ်ဆယ့်ရှစ်သိန်းကို အခြေခံလူတန်း စားအိမ်ထောင်စုများ လက်ဝယ်အရောက် ပေးအပ်နိုင်ရန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်က  ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများထံသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကွယ်ရေး ညွှန်ကြားချက်များနှင့် အညီ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုထွန်း( ဖောင်းပြင်)