တန့်ဆည်မြို့နယ်၌ အခြေခံလူတန်းစားအိမ်ထောင်စု (၁၈,၀၄၅) စုအတွက် ထောက်ပံ့ငွေများ ပေးအပ်

တန့်ဆည် စက်တင်ဘာ  ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၌ နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား အိမ်ထောင် စုတစ်စုခြင်းအလိုက် ငွေကြေးထောက်ပံ့နိုင်ရေးအတွက် ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်မောင်မောင်စိုးကတစ်ဆင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်စုထောက်ပံ့ငွေ ပေးအပ်ရေးအဖွဲ့ထံသို့ ယနေ့နံနက် (၁၀) နာရီအချိန်က ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ဝင်ငွေနည်းပါးသည့် အခြေခံလူတန်းစားများအား အဆင်ပြေစေရေးအတွက် အိမ်ထောင်စု (၁) စုလျှင် ပထမအကြိမ် (ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်)၊ ဒုတိယအကြိမ် ငွေကျပ် (၁၅၀၀၀)၊ တတိယအကြိမ်ငွေကျပ် (၂၀၀၀၀)၊ စတုတ္ထ အကြိမ် ငွေကျပ် (၂၀၀၀၀) ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ ပဉ္စမအကြိမ် ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် အိမ်ထောင်စု (၁၈၀၄၅)စုအတွက်  ငွေကျပ်သိန်းပေါင်း (၃၆၀၉) သိန်းအား ဆက်လက် ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ငြိမ်းမင်းထွန်း(တန့်ဆည်)