လောင်းလုံး အောက်တိုဘာ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တွင် မီးသတ်ဦးစီးဌာနမှ စမ်းလှမ်းကျေးရွာအတွင်းရှိ ဒေသခံပြည်သူများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန်အတွက်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မီးသတ်ဦးဌာနမှ မီးသတ်ဦးစီးမှူး ဦးမျိုးဇော်ဦးနှင့်အဖွဲ့များက လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာရှိ မီးဘေးစိုးရိမ်ရသောနေရာများအား မီးဘေးကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်းစစ်ဆေးခြင်း၊ စက်သုံးဆီဆိုင်များအား မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးအကြံပြုခြင်း၊ ဆီဘောက်ဆာယာဉ်မောင်းများအား ဆီဖြည့်ရာ၌ လိုက်နာရမည့်စည်းကမ်းချက်များကို မြို့နယ်မီးသတ်ဦးစီးမှူးမှ ရှင်းလင်းပြောကြားပေးခြင်းတို့အား ဆောင်ရွက်ခဲ့ခြင်း၊ မီးသတ်ဆေးဘူးများအား ရက်လွန်ခြင်း ရှိ၊ မရှိ စစ်ဆေးဆောင်ရွက်ခဲ့ပါကြောင်းနှင့် အဆိုပါကွင်းဆင်းစစ်ဆေးရာ၌ စမ်းလှမ်းကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများတို့က ပူးပေါင်းလိုက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သိန်းသိန်း(လောင်းလုံး)