မင်းလှမြို့တွင် ဆောင်းသီနှံစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေး

မင်းလှ အောက်တိုဘာ ၂၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၂ ခုနှစ်၊ ဆောင်းသီးနှံစိုက်တောင်သူများ စိုက်ပျိုး‌ရေးလုပ်ငန်းများအဆင်ပြေ ချောမွေ့စွာလုပ်ကိုင် ဆောင်ရွက်နိုင်ရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက် ၁၀ နာရီချိန်က စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ချေးငွေများထုတ်ချေးရာတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်မန်နေဂျာ ဦးအောင်မြတ်မိုးက ချေးငွေစည်းကမ်းချက်များ၊ အတိုးနူန်းချေးငွေများ၊  နောက်ဆုံးပေးဆပ်ရန် ကာလ၊ ချေးငွေများအား ဘဏ်ခွဲသို့ ကိုယ်တိုင်လာရောက်ထုတ်ယူပြီး ကိုယ်တိုင်ပေးဆပ်ရန်၊ ချေးငွေများကို စိုက်ပျိုးစရိတ်ထုတ်လုပ်မှု၌သာ အကျိုးရှိစွာသုံးစွဲကြရန်ပြောကြားသည်။

ထို့နောက်စိုက်ပျိုးစရိတ်အစောဆုံးပြေကျေသည့် ဇရစ်ချောင်းကျေး ရွာအုပ်စုအတွင်းတောင်သူ‌(၈၄)ဦး၏ ဧကပေါင်း(၅၄၅)ဧကအတွက် တစ်ဧကလျင် တစ်သိန်းကျပ်နူန်းဖြင့် စိုက်ပျိုးစရိတ် ချေးငွေ (၅၄၅၀၀၀၀၀) ကျပ်အား ထုတ်ချေးပေးခဲ့သည်။

မင်းလှမြို့နယ်တွင် ကျေးရွာအုပ်စု(၅၄)အုပ်စုမှ ဧကပေါင်း(၅၄၂၄၃)ဧကအတွက် ၂၀၂၂ခုနှစ်၊ ဆောင်းသီနှံ စိုက်ပျိုးစရိတ် ချေးငွေပေါင်း (၅၄၂၄၃၀၀၀၀၀)ကျပ်အား ဒီဇင်ဘာလကုန်အထိ အပြီးသတ် ထုတ်ချေးပေးရန်လျာထားကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုး‌ရေးဘဏ်ခွဲမှ သိရသည်။

ပေါက်စ (မင်းလှ)