ချောက်မြို့၌ အခမ်းအနားမှူး ရက်တိုသင်တန်းဖွင့်လှစ်

​ချောက် ​အောက်တိုဘာ ၂၆

 

သင်တန်းတွင် မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန​ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက အခမ်းအနားမှူး (M.C) ဆိုတာ ဘာလဲ၊ အခမ်းအနားမှူး (M.C) တစ်ဦးတွင်ရှိရမည့် အဓိက အရည်အချင်း​များ၊ အသံထွက်မှန်ကန်စေဖို့ အခြေခံမှတ်သားထားသင့်သည့်အချက်များ၊ အသုံးအနှုန်း​ဝေါဟာရများကို မှန်ကန်စွာသုံးစွဲ​ပြောကြားနိုင်​ရေးနှင့်​ ဆောင်ရန်​ရှောင်ရန်​များကို ပထမနေ့တွင်သင်​ကြားပို့ချ​ပေးခဲ့​ပြီး သင်တန်းဒုတိယနေ့တွင် အခမ်းအနားအမျိုးမျိုး (Indoor အခမ်းအနားနဲ့ Outdoor အခမ်းအနားများ)၊ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများနှင့် သိထားသင့်သည့်အချက်များကို လက်​တွေ့ပြုလုပ်​ခြင်းနှင့်ပါယှဉ်တွဲ၍ ဆက်လက်ပို့ချပေး သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ဌာနဆိုင်ရာများ လူမှု​ရေးအသင်းအဖွဲ့များ သင်တန်းသား/သူ (၃၁) ဦးတက်​ရောက်ခဲ့​ပြီး သင်တန်းအား အောက်တိုဘာလ ၂၆ ရက်မှ အောက်တိုဘာလ ၂၇ ရက်​နေ့အထိ (၂) ရက်ဖွင့်လှစ်သင်ကြား​​ပေးသွားမည်​ဖြစ်ကြောင်း သိရသည်။

ကျော်မိုး