မအူပင် အောက်တိုဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ပြည်သူများဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် နေ့စဉ်ရောင်းချလျက်ရှိသည့် ပဲပြားနှင့်ပဲသွေး အရောင်းဆိုင်များအား စားသုံးသူရေးရာဦးစီးဌာန၊ FDA ၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြို့အတွင်းရှိ အခွန်လွတ်ဈေး၊ ကုန်စိမ်းဈေး၊ ရပ်ကွက်အလိုက်ဈေးများသို့ သွားရောက်ကာ စစ်ဆေးလျက်ရှိသည်။
ထိုသို့စစ်ဆေးရာတွင် သန့်ရှင်းမှု ရှိ/ မရှိ ကြာရှည်ခံရန် တားမြစ်ထားသောဆေးများ သုံးစွဲခြင်း ရှိ/ မရှိကို စစ်ဆေးခဲ့ကာ သတ်မှတ်စည်းကမ်းများနှင့် မကိုက်ညီပါက ဥပဒေအရ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးစစ်ဆေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)