ငရုတ်ကောင်းမြို့တွင် ငါးလုပ်ငန်းမှကြီးကြပ်၍ ငါးမျိုးစုံကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

ငရုတ်ကောင်း အောက်တိုဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ငါးလုပ်ငန်းမှကြီးကြပ်၍ ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် ငါးမျိုးစုံအား ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ် ၂ ရပ်ကွက်၊ လမ်းမတော်လမ်းတွင် ငါးလုပ်ငန်းရှင်များက ရောင်းချပေးခဲ့ကြသည်။

ထိုသို့ရောင်းချရာတွင် ငါးမျိုးစုံ (၅၀)ကျပ်သား တစ်ထုပ်လျှင် ငွေ(၁၀၀၀)ကျပ်ဖြင့် ရောင်းချပေးပြီး ဝယ်ယူသူတစ်ဦးလျှင် တစ်ထုပ်သာ ရောင်းချပေးခဲ့ရာ ငါးပိဿာချိန် (၄၀)ရောင်းချပေးခဲ့ကြသည်။ ထိုသို့ရောင်းချနေမှုကို မြို့အုပ်ချုပ်ရေးမှူး ဦးဝေယံဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

ငရုတ်ကောင်း(ပြန်/ဆက်)