ပေါင်းတည် အောက်တိုဘာ ၂၇
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် နတ်ပုတီး-တောင်ဘို့လှ- ကံငယ် ကျေးလက်ကုန်ထုတ်လမ်းမှ ဒေသထွက်ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို နေ့စဉ်နံနက် ၁၀ နာရီ ဝန်းကျင်မှစ၍ ရန်ကုန်မြို့သို့ တင်ပို့လျက်ရှိကြောင်း သိရသည်။
အဆိုပါကုန်ထုတ်လမ်းမှ သရက်ချဉ်၊ ပေါက်ကုန်း၊ တောင်ဘို့လှ၊ သာလှပင်ဇီနှင့် ကံငယ်ကျေးရွာများရှိ တောင်သူများ၏ခြံများမှထွက်ရှိသော စိုက်ပျိုးထွက်ကုန်များကို ရန်ကုန်-ပြည် မော်တော်ကားလမ်းဘေးရှိ နတ်ပုတီးကျေးရွာ ဦးစိန်မောင် ကုန်စိမ်းရောင်းဝယ်ရေးဒိုင်မှ တစ်ဆင့် ၁၀ ဘီး မော်တော်ယာဉ်များဖြင့် ရန်ကုန်မြို့သို့ နေ့စဉ်တင်ပို့နေခြင်းဖြစ်ကြောင်း သိရ သည်။
နတ်ပုတီကျေးရွာ ကုန်စိမ်းဒိုင်များမှ ယနေ့တွင် ရွှေဖရုံးသီး ၁ လုံး လျှင် ၁၀၀၀ကျပ်၊ ပဲတောင့်ရှည် ၁၀၀ စည်း ၁စီးလျှင် ၁၀၀၀ကျပ်၊ ကျောက်ဖရုံသီး ၁လုံးလျှင် ၁၀၀၀ကျပ်၊ ခရမ်းကျွတ်သီး ၁ လုံးလျှင် ၈ ကျပ်နှင့် သခွားသီး ၁ လုံးလျှင် ၅၀ ကျပ် စျေးနှုန်းများဖြင့် တောင်သူများထံမှ ဝယ်ယူလျက်ရှိပြီး နေ့ချင်းမော်တော်ယာဉ်ဖြင့် တင်ပို့ကာ ရန်ကုန်မြို့ ကုန်စိမ်းစျေးများသို့ ညနေ ၄ နာရီခန့်တွင် ရောက်ရှိမည်ဖြစ်ကြောင်း ကုန်စိမ်းရောင်းဝယ်ရေး ကိုယ်စားလှယ် ကိုအောင်ကိုထံမှ သိရသည်။
သူရကြီး( ပြန်/ဆက်)