လှိုင်းဘွဲမြို့နယ်တွင် စုပေါင်းငွေပဒေသာပင် စည်ကားသိုက်မြိုက်စွာ လှည့်လည်ကျင်းပ

လှိုင်းဘွဲ   အောက်တိုဘာ ၂၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ဗုဒ္ဓဘာသာတို့၏ တန်ဖိုးထားမြတ်နိုးရသောစုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ကျင်းပဆောင် ရွက်လျက်ရှိရာ  အမှတ်()၊ အခြေခံမူလတန်းလွန်ကျောင်းမှ မဟာဘုံကထိန်အတွက် ငွေပဒေသာပင် လှည့်လည်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

အဆိုပါလှည့်လည်ဆောင်ရွက်ခြင်းကို အမှတ်()၊ အခြေခံပညာမူလတန်းလွန်ကျောင်းမှ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ၊ ကျောင်း ကော်မတီဝင်များ၊ ကျောင်းသား၊ကျောင်းသူမိဘများက စုပေါင်း၍ လှူဒါန်းခဲ့ကြသော ငွေပဒေသာပင်အား ဗုဒ္ဓဘာသာတို့၏ ရိုးရာအစဉ်အလာနှင့် အညီ လှိုင်းဘွဲမြို့ ကုန်သည်လမ်း၊ အာဇာနည်လမ်း၊ ဗိုလ်ချုပ်လမ်းမကြီးနှင့် ရပ်ကွက်လမ်းများတွင် စည်ကားသိုက်မြိုက်စွာ လှည့်လည်ဆောင်ရွက် ခဲ့ပြီး ကျောင်းသား၊ကျောင်းသူများက ပျော်ရွင်စွာ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)