နတ်တလင်းမြို့နယ်အတွင်းရှိ လယ်ယာမြေဧရိယာအတွင်း သုံးသီးစား(သီးနှံစုံ) ၁၄၃၅၁ ဧက လျာထားစိုက်ပျိုးမည်

နတ်တလင်း  အောက်တိုဘာ  ၂၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ဒေသတွင်းဆန်စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ ဖူလုံပိုလျှံရေးအတွက် တောင်သူများက နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် မြို့နယ်အတွင်းရှိ လယ်ယာမြေဧရိယာများတွင် နွေသီးနှံ၊ မိုးသီးနှံနှင့်ဆောင်းသီးနှံ သုံးသီးစား (သီးနှံစုံ) ၁၄၃၅၁ ဧကလျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရ သည်။

နတ်တလင်းမြို့နယ်တွင် ယခုနှစ်မိုးစပါး(၁၁၀၂၆၂) ဧကစိုက်ပျိုးထားခဲ့ရာ ယခုလ အောက်တိုဘာလလယ်မှ စတင်ရိတ်သိမ်းနေပြီဖြစ်၍ မိုးစပါးရိတ်သိမ်းပြီး လယ်မြေများတွင် ဆောင်းသီးနှံပဲမျိုးစုံ၊ နှမ်းနှင့်နေကြာတို့ကို ထပ်မံစိုက်ပျိုးရန်ပြင်ဆင်လျက်ရှိပြီး ဆောင်းသီးနှံ ဆီထွက်သီးနှံနေကြာကိုမြို့နယ်အတွင်း ဧက ၂၇၄၀ ခန့်ကိုစိုက်ပျိုးရန်လျာထား ဆောင်ရွက် လျက် ရှိပြီး ယခုဆောင်းသီးနှံများ ရိတ်သိမ်းခူးဆွတ်ပြီးပါက ဆည်ရေသောက်ဧရိယာအတွင်းရှိ လယ်မြေများတွင် နွေစပါးသီးနှံကို ဆက်လက်စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)