ပေါင်းတည် စက်တင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသနိုင်ရေးအတွက် ပြည်ပပြန်များနှင့် ရောဂါဖြစ်ပွားရာ ဒေသအသီးသီးမှ ပြန်ရောက် လာသူများ ထားရှိသည့် စင်တာများသို့ မြို့နယ်ပြည်သူ့ကျန်းမားရေး ဦးစီးဌာနမှ ပြည်သူ့ ကျန်းမာရေးကြီးကြပ်(၂)ဝန်ထမ်းများက ယမန်နေ့မွန်းလွဲပိုင်းက သွားရောက်၍ စောင့်ကြပ် ကြည့်ရှုစင်တာများတွင် အသွားအလာ ကန့်သတ်သီးခြားထားရှိသူများ၏ နှာခေါင်းတို့ဖတ် အာခေါင်တို့ဖတ် ရယူခြင်းကို ညပိုင်းအထိ ဆောင်ရွက်ရာတွင် စနစ်တကျရယူခဲ့ကြောင်း သိရှိရသည်။
အဆိုပါဆောင်ရွက်မှုတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ကြီးကြပ်(၂) ဝန်ထမ်းများက အဖွဲ့(၂)ဖွဲ့ခွဲပြီး မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးမှူး ဒေါက်တာမျိုးမင်း၏ ကြီးကြပ်မှု၊ မြို့နယ်ပြည်သူ့ဆေးရုံဓာတ်ခွဲမှူး ဦးတင်မောင်မြင့်၏ လမ်းညွှန်မှုများနှင့်အတူ မြို့နယ်နှင့်ကျေးရွာများတွင် လက်ခံထားရှိသော FQC စင်တာ(၁၆)ခုရှိ အသွားအလာ ကန့်သတ်သီးခြားထားရှိသူ (၆၃)ဦး၏ နှာခေါင်းတို့ဖတ် အာခေါင်တို့ဖတ်ရယူခြင်းကို ဆောင်ရွက်ခဲ့ပြီး အဆိုပါနှာခေါင်း တို့ဖတ်အာခေါင်တို့ဖတ် ဓာတ်ခွဲနမူနာ (၆၂)ခုအား အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)လည်းကောင်း၊ ပြည်မြို့ ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ (၁)ဦး စုစုပေါင်း(၆၃)ဦး အားပေးပို့စစ်ဆေးထားကြောင်းသိရှိရသည်။
တင်ဝင်းဇော်(မင်းသားကြီး)