တမူး စက်တင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား နိုင်ငံတော်အစိုးရမှ အိမ်ထောင်စု တစ်စုလျင် ငွေကျပ် (၂၀,၀၀၀) ဖြင့် တတိယအကြိမ် ထောက်ပံ့ ငွေများ ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းမှစ၍ ထောက်ပံ့ပေးအပ် လျက်ရှိကြောင်း သိရှိရသည်။
တမူးမြို့နယ်တွင် အခြေခံလူတန်းစား အိမ်ထောင်စု (၁၀,၆၇၇) စု တို့အတွက် အိမ်ထောင်စု တစ်စုလျင် (၂၀,၀၀၀) ကျပ်ဖြင့် စုစုပေါင်း (၂၁၃,၅၄၀,၀၀၀) ကျပ်ကိုတတိယအကြိမ် ထောက်ပံ့ ပေးအပ်ခဲ့တာဖြစ်ပြီး ဌာနဆိုင်ရာများ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေး ဝန်ထမ်းများ၊ ရာအိမ်မှူးများက ရပ်ကွက်နှင့်ကျေးရွာများသို့ သွားရောက်၍ အိမ်တိုင် ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ကျော်သူရ(ပြန်/ဆက်)