အမာ အောက်တိုဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု အခြေခံပညာကျောင်းများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လုံခြုံရေးအစီအမံများ ဆောင်ရွက်ထားရှိမှုအား ယမန်နေ့ နံနက်(၁၁)နာရီ အချိန်က စတင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်းကို အမာမြို့၊ မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးရန်နိုင်လင်းနှင့် ဝန်ထမ်းများက အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စုအတွင်းရှိ အောက်ဆိပ်ကွင်း ကျေးရွာ၊ အမက(လွန်) ကျောင်း၊ အောင်ကုန်းကျေးရွာ၊ အမက(လွန်)ကျောင်း၊ ဘဝသစ်(၁) ကျေးရွာ၊ အမကကျောင်း၊ ဘဝသစ် (၂)ကျေးရွာ၊ အမက(လွန်)ကျောင်း၊ ကညင်ကုန်းကျေးရွာ၊ အမက(လွန်)ကျောင်း စသည့်အခြေခံပညာ ကျောင်းများသို့ သွားရောက်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စီမံဆောင်ရွက်ထားရှိမှုများ၊ လျှပ်စစ်ဝါယာကြိုးများ၊ မီးခလုတ်များ သွယ်တန်းထားခြင်းများ ကြံ့ခိုင်မှုရှိ/မရှိနှင့် မီးသတ်ဆေးဘူးများ ရှိ/မရှိ ကြည့်ရှုစစ်ဆေးခဲ့ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ဆောင်ရွက်ထားရှိသင့်သည်များ ကို အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
အမာ(ပြန်/ဆက်)