အမာ အောက်တိုဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယမန်နေ့ နေ့လယ် (၁၂)နာရီက စာပေအကျိုးကျေးဇူး အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး နော်လေးလီယန်က စာအုပ် စာပေသည် လူမျိုးတစ်မျိုး၏ အသက်ဝိညာဉ်ဖြစ်ကြောင်း၊ စာပေယဉ်ကျေးမှုထွန်းကားသော လူမျိုးသည် လူ့အဖွဲ့အစည်းအတွင်း တင့်တောင့်တင့်တယ် နေထိုင်နိုင်ကြကြောင်း၊ စာအုပ်စာပေကို ဖတ်ရှုလေ့လာသူ မှာ ဗဟုသုတ ဉာဏ်ပညာများ ကိုရရှိပြီး မိမိဘဝ၏ အခက်အခဲပြဿနာများကို ဝေဖန် ပိုင်းခြားနိုင် ကြောင်း၊ စာအုပ်စာပေကို စာကြည့်တိုက်များတွင် လာရောက်လေ့လာဖတ်ရှုနိုင်ကြကြောင်း စသည်ဖြင့် ဆွေနွေးခဲ့ပြီး ရုပ်သံကျွမ်းကျင်-၃ ဒေါ်လှယဉ်သိန်းက စာအုပ်စာပေ ဖတ်ခြင်းရဲ့ အကျိုးကျေးဇူးများ အကြောင်းတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေအသိပညာနှင့် ပြင်ပအသိပညာ ဗဟုသုတများတိုးပွားစေရေးအတွက် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များကို ဖိတ်ခေါ်၍ အွန်လိုင်းစနစ်ဖြင့် အသိပညာပေးဆွေးနွေးပွဲများကိုလစဉ် စီစဉ်ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အမာ(ပြန်/ဆက်)