မြောင်းမြ အောက်တိုဘာ ၂၆
(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲသို့ မြောင်းမြ ခရိုင်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲဝင်များအား မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ထပ်ဆင့် ဂုဏ်ပြုဆု ချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ဝဲကလေးကျေးရွာ၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နည်းပြဆရာ၊ ဆရာမများ၊ ခရိုင်ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ခဲ့ကြသည့် ပြိုင်ပွဲဝင်များ၊ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် ကြီးကြပ်သူ၊ အဖွဲ့ခေါင်းဆောင် များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဝဲကလေးကျေးရွာမှ မြောင်းမြခရိုင် ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အထူးဆု ဆွတ်ခူးရရှိသော ပြိုင်ပွဲဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၁၀) သိန်းအား ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
မြောင်းမြခရိုင် (ပြန်/ဆက်)