အောင်လံမြို့၌ စားသုံးသူရေးရာ အကြောင်းသိကောင်းစရာ အသိပညာပေး (Talk Show) ဆောင်ရွက်

အောင်လံ အောက်တိုဘာ ၂၆

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ စာသုံးသူရေးရာ အကြောင်းသိကောင်းစရာ အသိပညာပေး (Talk Show) ဆောင်ရွက်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ပြုလုပ်ခဲ့သည်။

အဆိုပါ Talk Show အစီအစဉ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးသိန်းက Talk Show ကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးမင်းက စားသုံးသူပြည်သူများနှင့် လုပ်ငန်းရှင်များအား ဥပဒေပါအတိုင်း အသိပညာပေး ဆွေးနွေးပြောကြားရာတွင် ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အသေးစိတ် စိဆေးချက် (မူကြမ်း) ပါ အချက်(၈)ချက်အား အသေးစိတ်ရှင်းလင်းပြောကြားခြင်း၊ ၂၀၁၄ ခုနှစ် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း၊ ၂၀၁၉ ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် စားသုံးသူဥပဒေကာကွယ်ရေးဥပဒေအဖြစ် ပြန်လည်ပြဌာန်းသည့်အချက်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ် အခန်း(၁၈)၊ (၂၀) ၊ (၂၄) တို့တွင် ဖော်ပြပါရှိသည့် အကြောင်းအရာများအား အသေးစိတ်ရှင်းလင်းဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

ဇင်ဇင်မင်းမောင်(ပြန်/ဆက်)