ငါးသိုင်းချောင်းမြို့ အောက်တိုဘာ ၂၆
ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ရှိ အ.လ.က(ခွဲ)ဗိုလ်ချုပ်လမ်းကျောင်း၌ ရှေးဦးပြုစုခြင်း အခြေခံ သင်တန်း (၅/၂၀၂၂)ကို ယနေ့ နံနက်ပိုင်းက ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေများကို ရှေးဦးပြုစုသည့် နည်းစနစ်များဖြင့် စနစ်တကျပြုစုဆောင်ရွက်ပေးတတ်စေရန် ရည်ရွယ်၍ ရေကြည် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ မြို့နယ်တပ်ဖွဲ့မှူး ဒေါ်သန်းသန်းမြင့်၊ ဒု-တပ်ဖွဲ့မှူး ဦးခင်မောင်သန်း၊ တပ်ခွဲမှူး ဦးမင်းယုတို့က အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၃၀)ဦးကို သင်ကြားပေးလျက်ရှိပြီး သင်တန်းကို (၂၆.၁၀.၂၀၂၂)မှ (၂၈.၁၀.၂၀၂၂)ထိ (၃)ရက်တိုင် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
ငါးသိုင်းချောင်း(ပြန်/ဆက်)