ခမောက်ကြီး အောက်တိုဘာ ၂၆
တနင်္သာရီတိုင်း ဒေသကြီး၊ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ခမောက်ကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများမှ ခမောက်ကြီးမြို့ ဗိုလ်ချုပ်လမ်းမကြီးနှင့် ရပ်ကွက်လမ်းကြားများတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးနည်းလမ်းများနှင့် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများအား အများပြည်သူသိရှိလိုက်နာနိုင်ရန် အသံချဲ့စက်ဖြင့် ယနေ့နံနက်ပိုင်းက လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
ထိုသို့အသိပေးနှိုးဆော်ရာ၌ ကိုဗစ်-၁၉ရောဂါသည်မျိုးရိုးဗီဇပြောင်း ကူးဆက်ရောဂါအသွင်ဖြင့် ပြန်လည်ကူးစက်နေပြီဖြစ်သောကြောင့်ကိုဗစ် ကာကွယ်ရေး နည်းလမ်းများအား အများပြည်သူများ သိရှိလိုက်နာနိုင်ရန်အလို့ငှာ အသိပညာပေးဆော်ဩခဲ့ကြသည်။
အဆိုပါ အသိပေးနှိုးဆော်ချက်မျာဆင်ရန်၊ သက်ကြီးရွယ်အိုနှင့် နာတာရှည် ရောဂါဝေဒနာသည်များရှိရာ နေအိမ်များသို့ ဝင်ထွက်သွားလာခြင်းဂရုပြုရန် ၊တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေထိုင်ကြရန်၊ လက်ကိုစက္ကန့် (၂၀)ကြာ မကြာခဏ စနစ်တကျဆေးကြောရန်၊ နှာခေါင်းစည်း (Mask) မတပ်ဆင် ထားသော ဈေးရောင်းသူများထံမှ ဈေးမဝယ်ကြပါရန်နှင့် မိသားစုအတွင်းဖျားနာသူများ ရှိပါက အိမ်တွင်နေထိုင်စေပြီး ကိုဗစ်-၁၉ ရောဂါလက္ခဏာများ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်မှူးမှတစ်ဆင့် ကျန်းမာရေးဌာနသို့ ဆက်သွယ်ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီးသော်လည်း ကာကွယ်ရေးလုပ်ငန်းများကို ဆက်လက်လိုက်နာကြရန် အထက်ပါကြေငြာချက်များကို အများပြည်သူမှ တစ်ဦးတစ်ယောက်ချင်းစီ လိုက်နာဆောင် ရွက်ခြင်းဖြင့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးနည်းလမ်း များကို လိုက်နာကြရန်နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေအရအရေးယူခြင်းခံရမည်ဖြစ်ကြောင်းကို အများပြည်သူသိရှိလိုက်နာနိုင်ရန် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ခမောက်ကြီး(ပြန်/ဆက်)